နတ်မိမယ် ကွန်ပျူတာစင်တာ
အွန်လိုင်းမှတဆင့် ကွန်ပျူတာသင်ခန်းစာများ သင်ယူနိုင်ပါပြီ...
Saturday, September 5, 2015
Wednesday, June 1, 2011
ဘဝ ကို မြင်ခြင်း
အကျွန်ုပ်သည်
ဤသို့မြင်၏ ။
ဘဝ ဟူသည်....
ဖြစ်တည်ခြင်း အတိုင်းအဆတည်း။
အဓွန့် ကာလ၏
အစိတ် တစ်ခုပင်တည်း။
ပရိစ္ဆေဒ အားဖြင့်
ပစ္စုပ္ပန်သာ ဖြစ်သတည်း။
အတိတ်သည် ဘဝ မဟုတ်တော့၊
အနာဂတ်သည် ဘဝ မဖြစ်သေး၊
ခန္ဓာအားဖြင့်
ရုပ် အစဉ်သည် ဘဝတည်း၊
ဝေဒနာ အစဉ်သည် ဘဝတည်း၊
သညာ အစဉ်သည် ဘဝတည်း၊
သင်္ခါရ အစဉ်သည် ဘဝတည်း၊
ဝိညာဏ အစဉ်သည် ဘဝတည်း။
ဘဝမှာ ထာဝရ မရှိ၊
ဘဝမှာ ခဏများသာ ရှိသည်။
မမြဲခြင်းလည်း ဘဝ
ဆင်းရဲခြင်းလည်း ဘဝ
အစိုးမရခြင်းလည်း ဘဝ
ဖြစ်သော အဖြစ်သည် ဘဝ
ပြုသော ကံသည် ဘဝ
ရသော အကျိုး(ဝိပါက)သည် ဘဝ
ကျင်လည်ခြင်းသည် ဘဝ
အားထုတ်ခြင်းသည် ဘဝ
သံဝေဂ၏ တည်ရာသည် ဘဝ
သင်ခန်းစာ၏ တည်ရာသည် ဘဝတည်း။
တန်ဖိုးတို့၏ ဘောသည်
လူ့ဘဝ မှာသာ တည်၏ ။
တန်ဖိုး အားလုံးကို
လူကသာ ဆုံးဖြတ်၏ ။
လူ့ လောက၏ အပ၌
တန်ဖိုး သဘောတရား မရှိချေ။
တန်ဖိုး ရှိသော ဘဝ ဟူသည်
လူ ပြုသော ဘဝ ဖြစ်၏ ။
လူ့ဘဝဝယ် လူတို့ ပြုအပ်သော
အမျိုးမျိုးသော ကံတို့သည်
အမျိုးမျိုးသော တန်ဖိုးများ ဖြစ်ကြ၏ ။
တောထဲမှာ ပေါက်နေသော ကျွန်းပင်သည်
သစ်တောထဲမှာ တန်ဖိုး မရှိ။
လူတောထဲသို့ ရောက်ပြီး
သစ် ဖြစ်သော အခါမှ စ၍သာ
တန်ဖိုး တက်လာရသည်။
မြေထဲက ပတ္တမြားသည်
မြေကြီးထဲမှာ တန်ဖိုး မရှိ။
လူတောထဲသို့ ရောက်ပြီး
သွေးပြီးသော အခါမှ စ၍သာ
တန်ဖိုး တက်လာရသည်။
ဈေးနှုန်းသည် တန်ဖိုး မဟုတ်၊
တန်ဖိုးကို ကြေးတပ်၍
ရောင်းဝယ်ခြင်းကိုသာ
ဈေးနှုန်းဟု မှတ်အပ်၏ ။
တန်ဖိုး ဟူသည်
အသုံးဝင်ခြင်းလည်း တစ်ရပ်၊
နှလုံးသား၏ နှစ်သက်ခြင်းဖြင့်
ပိုင်းဖြတ်ခြင်း သဘောလည်း တစ်ရပ်။
ပထမ တန်ဖိုးကို ဘဝ၏
အသုံး တန်ဖိုး ဟု ဆိုအပ်၏ ။
ဒုတိယ တန်းဖိုးကို ဘဝ၏
အဆုံး တန်ဖိုး ဟု ဆိုအပ်၏ ။
လူအမျိုးမျိုးသည်
ဘဝကို အမျိုးမျိုး တန်ဖိုး ဖြတ်ကြ၏ ။
ဓနရှင်သည် ဘဝကို
ငွေကြေး ဥစ္စာဖြင့် တန်ဖိုး ဖြတ်လေသည်။
မင်းသည် ဘဝကို
အာဏာ တန်ခိုး လက်နက်ဖြင့် တန်ဖိုး ဖြတ်လေသည်။
သုခမိန်သည် ဘဝကို
ပညာဖြင့် တန်ဖိုး ဖြတ်လေသည်။
မယားသည် ဘဝကို
လင်ဖြင့် တန်ဖိုး ဖြတ်လေသည်။
သူတော်ကောင်းသည် ဘဝကို
အကျင့် သီလဖြင့် တန်ဖိုး ဖြတ်လေသည်။
သူယုတ်မာသည် ဘဝကို
အနိုင် အရှုံးဖြင့် တန်ဖိုး ဖြတ်လေသည်။
ဘုရား ရဟန္တာ အရိယာတို့သည်ကား
ဘဝကို မဂ်ဉာဏ် ဖိုဉာဏ် ဖြင့်သာ
တန်ဖိုး ဖြတ်တတ် ကြပါကုန်သည်။
ဤသို့မြင်၏ ။
ဘဝ ဟူသည်....
ဖြစ်တည်ခြင်း အတိုင်းအဆတည်း။
အဓွန့် ကာလ၏
အစိတ် တစ်ခုပင်တည်း။
ပရိစ္ဆေဒ အားဖြင့်
ပစ္စုပ္ပန်သာ ဖြစ်သတည်း။
အတိတ်သည် ဘဝ မဟုတ်တော့၊
အနာဂတ်သည် ဘဝ မဖြစ်သေး၊
ခန္ဓာအားဖြင့်
ရုပ် အစဉ်သည် ဘဝတည်း၊
ဝေဒနာ အစဉ်သည် ဘဝတည်း၊
သညာ အစဉ်သည် ဘဝတည်း၊
သင်္ခါရ အစဉ်သည် ဘဝတည်း၊
ဝိညာဏ အစဉ်သည် ဘဝတည်း။
ဘဝမှာ ထာဝရ မရှိ၊
ဘဝမှာ ခဏများသာ ရှိသည်။
မမြဲခြင်းလည်း ဘဝ
ဆင်းရဲခြင်းလည်း ဘဝ
အစိုးမရခြင်းလည်း ဘဝ
ဖြစ်သော အဖြစ်သည် ဘဝ
ပြုသော ကံသည် ဘဝ
ရသော အကျိုး(ဝိပါက)သည် ဘဝ
ကျင်လည်ခြင်းသည် ဘဝ
အားထုတ်ခြင်းသည် ဘဝ
သံဝေဂ၏ တည်ရာသည် ဘဝ
သင်ခန်းစာ၏ တည်ရာသည် ဘဝတည်း။
တန်ဖိုးတို့၏ ဘောသည်
လူ့ဘဝ မှာသာ တည်၏ ။
တန်ဖိုး အားလုံးကို
လူကသာ ဆုံးဖြတ်၏ ။
လူ့ လောက၏ အပ၌
တန်ဖိုး သဘောတရား မရှိချေ။
တန်ဖိုး ရှိသော ဘဝ ဟူသည်
လူ ပြုသော ဘဝ ဖြစ်၏ ။
လူ့ဘဝဝယ် လူတို့ ပြုအပ်သော
အမျိုးမျိုးသော ကံတို့သည်
အမျိုးမျိုးသော တန်ဖိုးများ ဖြစ်ကြ၏ ။
တောထဲမှာ ပေါက်နေသော ကျွန်းပင်သည်
သစ်တောထဲမှာ တန်ဖိုး မရှိ။
လူတောထဲသို့ ရောက်ပြီး
သစ် ဖြစ်သော အခါမှ စ၍သာ
တန်ဖိုး တက်လာရသည်။
မြေထဲက ပတ္တမြားသည်
မြေကြီးထဲမှာ တန်ဖိုး မရှိ။
လူတောထဲသို့ ရောက်ပြီး
သွေးပြီးသော အခါမှ စ၍သာ
တန်ဖိုး တက်လာရသည်။
ဈေးနှုန်းသည် တန်ဖိုး မဟုတ်၊
တန်ဖိုးကို ကြေးတပ်၍
ရောင်းဝယ်ခြင်းကိုသာ
ဈေးနှုန်းဟု မှတ်အပ်၏ ။
တန်ဖိုး ဟူသည်
အသုံးဝင်ခြင်းလည်း တစ်ရပ်၊
နှလုံးသား၏ နှစ်သက်ခြင်းဖြင့်
ပိုင်းဖြတ်ခြင်း သဘောလည်း တစ်ရပ်။
ပထမ တန်ဖိုးကို ဘဝ၏
အသုံး တန်ဖိုး ဟု ဆိုအပ်၏ ။
ဒုတိယ တန်းဖိုးကို ဘဝ၏
အဆုံး တန်ဖိုး ဟု ဆိုအပ်၏ ။
လူအမျိုးမျိုးသည်
ဘဝကို အမျိုးမျိုး တန်ဖိုး ဖြတ်ကြ၏ ။
ဓနရှင်သည် ဘဝကို
ငွေကြေး ဥစ္စာဖြင့် တန်ဖိုး ဖြတ်လေသည်။
မင်းသည် ဘဝကို
အာဏာ တန်ခိုး လက်နက်ဖြင့် တန်ဖိုး ဖြတ်လေသည်။
သုခမိန်သည် ဘဝကို
ပညာဖြင့် တန်ဖိုး ဖြတ်လေသည်။
မယားသည် ဘဝကို
လင်ဖြင့် တန်ဖိုး ဖြတ်လေသည်။
သူတော်ကောင်းသည် ဘဝကို
အကျင့် သီလဖြင့် တန်ဖိုး ဖြတ်လေသည်။
သူယုတ်မာသည် ဘဝကို
အနိုင် အရှုံးဖြင့် တန်ဖိုး ဖြတ်လေသည်။
ဘုရား ရဟန္တာ အရိယာတို့သည်ကား
ဘဝကို မဂ်ဉာဏ် ဖိုဉာဏ် ဖြင့်သာ
တန်ဖိုး ဖြတ်တတ် ကြပါကုန်သည်။
Labels:
ဒဿန
လမ်းဘေး မီးတိုင်
လမ်းဘေး ဓာတ်မီးတိုင်
မယိုင် မလဲသရွေ့
ညအမှောင်ကို ပယ်လျက်
လမ်း အလင်းကို ဆောင်လျက်
အန္တရာယ်ကို ကင်းစေလျက်
ခရီးသွားကို ထောက်ပံ့လျက်
ကြံ့ခိုင်စွာ
တည်ကြည်စွာ
ကျေပွန်စွာ
ဆောင်မြဲတိုင်းသာ
နွေမှာ လည်းကောင်း၊
မိုးမှာ လည်းကောင်း၊
ဆောင်းမှာ လည်းကောင်း၊
အတောင်း အဆို မရှိ၊
အလစ် အဟင်း မရှိ၊
အတွန့် အတို မရှိ၊
အငြူ အစူ မရှိ၊
အပိတ် အပင် မရှိ၊
မဆုတ် မနစ်
ရပ်တည် ထွန်းပ ခဲ့ပါသည်။
ထိုဓာတ်တိုင် ဆီမီးကို
အရှိထား၍ ခရီးသွားသူသည်
ဓာတ်တိုင်ကိုမူ
ဂရုမထား
ပန်းတိုင်ကိုသာ
အာရုံထား၍
သွားလာ ခေါက်တုံ့ ရှိလင့်ကစား
ဓာတ်တိုင် ကျေးဇူးကို
အထူး မသိ၊
ရှိ မရှိ ပင်
သတိ မမူ
လျစ်လျူ ရှုနိုင် ကြပါဘိ။
မီးတိုင်ငယ်ကို
ပညာ ပွားရာ အမှတ် သညာဟု
သိတတ်သူကား
ပါရမီ စခန်း
ပညာ လမ်းသွား
ထိုယောက်ျားတည့်။
မြင်လျှင် မြင်ချင်း
သတင်း သီလ စရဏ၏
ထွန်းပ အရောင်
တန်ဆောင် ဆီမီး
ကျေးဇူးကြီးပုံ
အလုံးစုံကို
ခြုံငုံ သိမြင် ပါဘိတော့။
မယိုင် မလဲသရွေ့
ညအမှောင်ကို ပယ်လျက်
လမ်း အလင်းကို ဆောင်လျက်
အန္တရာယ်ကို ကင်းစေလျက်
ခရီးသွားကို ထောက်ပံ့လျက်
ကြံ့ခိုင်စွာ
တည်ကြည်စွာ
ကျေပွန်စွာ
ဆောင်မြဲတိုင်းသာ
နွေမှာ လည်းကောင်း၊
မိုးမှာ လည်းကောင်း၊
ဆောင်းမှာ လည်းကောင်း၊
အတောင်း အဆို မရှိ၊
အလစ် အဟင်း မရှိ၊
အတွန့် အတို မရှိ၊
အငြူ အစူ မရှိ၊
အပိတ် အပင် မရှိ၊
မဆုတ် မနစ်
ရပ်တည် ထွန်းပ ခဲ့ပါသည်။
ထိုဓာတ်တိုင် ဆီမီးကို
အရှိထား၍ ခရီးသွားသူသည်
ဓာတ်တိုင်ကိုမူ
ဂရုမထား
ပန်းတိုင်ကိုသာ
အာရုံထား၍
သွားလာ ခေါက်တုံ့ ရှိလင့်ကစား
ဓာတ်တိုင် ကျေးဇူးကို
အထူး မသိ၊
ရှိ မရှိ ပင်
သတိ မမူ
လျစ်လျူ ရှုနိုင် ကြပါဘိ။
မီးတိုင်ငယ်ကို
ပညာ ပွားရာ အမှတ် သညာဟု
သိတတ်သူကား
ပါရမီ စခန်း
ပညာ လမ်းသွား
ထိုယောက်ျားတည့်။
မြင်လျှင် မြင်ချင်း
သတင်း သီလ စရဏ၏
ထွန်းပ အရောင်
တန်ဆောင် ဆီမီး
ကျေးဇူးကြီးပုံ
အလုံးစုံကို
ခြုံငုံ သိမြင် ပါဘိတော့။
Labels:
ဒဿန
ဂုဏ်သိက္ခာ
စန္ဒကူး နံ့သာသည်
အဆီအသား ခန်းခြောက် သော်လည်း
မွှေးသော ရနံ့ကို မစွန့်ချေ။
ကေသရာဇာ ခြင်္သေ့မင်းသည်
ငတ်မွတ် ခေါင်းပါး သော်လည်း
မြက်သစ်ရွက်ကို မစားချေ။
ကြံပင်သည်
ကြံညှစ် ယန္တရားသို့ ရောက်သော်လည်း
ချိုသော အရသာကို မစွန့်ချေ။
မင်းစီးသော ဆင်ရတနာသည်
စစ်မြေပြင်သို့ ရောက်သော်လည်း
မိမိ၏ တည်ငြိမ်ခြင်း
အသရေကို မစွန့်ချေ။
ပတ္တမြားသည်
ညွန်ဗွက်မှာ နစ်သော်လည်း
တောက်ပ ကြည်လင်သော
မိမိ အရောင်ကို မစွန့်ချေ။
သူတော်ကောင်းသည်
ဆင်းရဲ ကြုံသော်လည်း
အကျင့် သီလကို မစွန့်ချေ။
မြတ်သော အကျင့်
မြတ်သော အခြင်းအရာ
မြတ်သော အရောင်အသွေးကို
အခါ ခပ်သိမ်း မစွန့်
အဆုံးတိုင် မစွန့်ခြင်းကို
''ဂုဏ်သိက္ခာ'' ဟု
လောက ပညတ် ထားပါသည်။
ထို့ကြောင့်ပင်....
"ဂုဏ်သိက္ခာ" ၏ အဓိပ္ပါယ်ကို
စိတ်၏ အဆင်းတန်ဆာ ဟူ၍ လည်းကောင်း၊
ကောင်းမှု၌ ရဲရင့်ခြင်း သတ္တိ ဟူ၍ လည်းကောင်း၊
မကောင်းမှု၌ ရှက်ခြင်း ဟူ၍ လည်းကောင်း၊
ဖြောင့်မတ်ခြင်း၌ တည်တံ့ခြင်း ဟူ၍ လည်းကောင်း၊
မုသား၌ နှုတ်ပိတ်ခြင်း ဟူ၍ လည်းကောင်း၊
ကဲ့ရဲ့ခြင်း၌ ရှောင်သွေခြင်း ဟူ၍ လည်းကောင်း၊
ချီးမွမ်းခြင်းအား လိုလားခြင်း ဟူ၍ လည်းကောင်း၊
ကြည်ညိုခြင်းအား ခံထိုက်ခြင်း ဟူ၍ လည်းကောင်း၊
မြတ်နိုးခြင်းအား ဆောင်ယူခြင်း ဟူ၍ လည်းကောင်း၊
ဘုန်းတန်ခိုး၏ ထွန်းတောက်ခြင်း ဟူ၍ လည်းကောင်း၊
ရှိခိုးခြင်း၏ ဆောက်တည်ရာ ဟူ၍ လည်းကောင်း
အထပ်ထပ် ဖွင့်ဆို အပ်ပါသတည်း။
အဆီအသား ခန်းခြောက် သော်လည်း
မွှေးသော ရနံ့ကို မစွန့်ချေ။
ကေသရာဇာ ခြင်္သေ့မင်းသည်
ငတ်မွတ် ခေါင်းပါး သော်လည်း
မြက်သစ်ရွက်ကို မစားချေ။
ကြံပင်သည်
ကြံညှစ် ယန္တရားသို့ ရောက်သော်လည်း
ချိုသော အရသာကို မစွန့်ချေ။
မင်းစီးသော ဆင်ရတနာသည်
စစ်မြေပြင်သို့ ရောက်သော်လည်း
မိမိ၏ တည်ငြိမ်ခြင်း
အသရေကို မစွန့်ချေ။
ပတ္တမြားသည်
ညွန်ဗွက်မှာ နစ်သော်လည်း
တောက်ပ ကြည်လင်သော
မိမိ အရောင်ကို မစွန့်ချေ။
သူတော်ကောင်းသည်
ဆင်းရဲ ကြုံသော်လည်း
အကျင့် သီလကို မစွန့်ချေ။
မြတ်သော အကျင့်
မြတ်သော အခြင်းအရာ
မြတ်သော အရောင်အသွေးကို
အခါ ခပ်သိမ်း မစွန့်
အဆုံးတိုင် မစွန့်ခြင်းကို
''ဂုဏ်သိက္ခာ'' ဟု
လောက ပညတ် ထားပါသည်။
ထို့ကြောင့်ပင်....
"ဂုဏ်သိက္ခာ" ၏ အဓိပ္ပါယ်ကို
စိတ်၏ အဆင်းတန်ဆာ ဟူ၍ လည်းကောင်း၊
ကောင်းမှု၌ ရဲရင့်ခြင်း သတ္တိ ဟူ၍ လည်းကောင်း၊
မကောင်းမှု၌ ရှက်ခြင်း ဟူ၍ လည်းကောင်း၊
ဖြောင့်မတ်ခြင်း၌ တည်တံ့ခြင်း ဟူ၍ လည်းကောင်း၊
မုသား၌ နှုတ်ပိတ်ခြင်း ဟူ၍ လည်းကောင်း၊
ကဲ့ရဲ့ခြင်း၌ ရှောင်သွေခြင်း ဟူ၍ လည်းကောင်း၊
ချီးမွမ်းခြင်းအား လိုလားခြင်း ဟူ၍ လည်းကောင်း၊
ကြည်ညိုခြင်းအား ခံထိုက်ခြင်း ဟူ၍ လည်းကောင်း၊
မြတ်နိုးခြင်းအား ဆောင်ယူခြင်း ဟူ၍ လည်းကောင်း၊
ဘုန်းတန်ခိုး၏ ထွန်းတောက်ခြင်း ဟူ၍ လည်းကောင်း၊
ရှိခိုးခြင်း၏ ဆောက်တည်ရာ ဟူ၍ လည်းကောင်း
အထပ်ထပ် ဖွင့်ဆို အပ်ပါသတည်း။
Labels:
ဒဿန
Tuesday, May 31, 2011
ရွံရှာ စက်ဆုပ် စရာများ
မစင်ပုပ်သည် လည်းကောင်း၊
အကောင်ပုပ်သည် လည်းကောင်း၊
ကုဋ္ဌနူနာသည် လည်းကောင်း၊
အကျင့်ပျက် မိန်းမသည် လည်းကောင်း၊
ပါရာဇိက ကျသော ရဟန်းသည် လည်းကောင်း၊
သစ္စာ ဖောက်သော ဘက်တော်သားသည် လည်းကောင်း၊
သီလကြောင် လည်းကောင်း၊
အားငယ်သူကို အနိုင်ကျင့်ခြင်း လည်းကောင်း၊
အမျိုးကို မစောင့်ရှောက်ခြင်း လည်းကောင်း၊
မိအို ဖအိုကို စွန့်ပစ်ထားခြင်း လည်းကောင်း၊
ကျေးဇူးရှင်ကို ပြစ်မှားခြင်း လည်းကောင်း၊
သင့်မြတ်သူကို ရန်တိုက်ခြင်း လည်းကောင်း၊
မမှန် သက်သေ ထွက်ဆိုခြင်း လည်းကောင်း၊
ထောင်လွှားသော မျက်နှာ လည်းကောင်း၊
မုသား၌ ကျင်လည်သော နှုတ်လျှာ လည်းကောင်း၊
မနိုင်ဝန်ကို ထမ်းခြင်း လည်းကောင်း၊
မထိုက်ဘဲလျက် ခံစားလိုခြင်း လည်းကောင်း၊
ရသင့်သည်ထက် ပို၍ ယူခြင်း လည်းကောင်း၊
လောက မျက်မြင်
ရွံရှာ စက်ဆုပ်ချင်ဖွယ်များ ပင်တည်း။
အကောင်ပုပ်သည် လည်းကောင်း၊
ကုဋ္ဌနူနာသည် လည်းကောင်း၊
အကျင့်ပျက် မိန်းမသည် လည်းကောင်း၊
ပါရာဇိက ကျသော ရဟန်းသည် လည်းကောင်း၊
သစ္စာ ဖောက်သော ဘက်တော်သားသည် လည်းကောင်း၊
သီလကြောင် လည်းကောင်း၊
အားငယ်သူကို အနိုင်ကျင့်ခြင်း လည်းကောင်း၊
အမျိုးကို မစောင့်ရှောက်ခြင်း လည်းကောင်း၊
မိအို ဖအိုကို စွန့်ပစ်ထားခြင်း လည်းကောင်း၊
ကျေးဇူးရှင်ကို ပြစ်မှားခြင်း လည်းကောင်း၊
သင့်မြတ်သူကို ရန်တိုက်ခြင်း လည်းကောင်း၊
မမှန် သက်သေ ထွက်ဆိုခြင်း လည်းကောင်း၊
ထောင်လွှားသော မျက်နှာ လည်းကောင်း၊
မုသား၌ ကျင်လည်သော နှုတ်လျှာ လည်းကောင်း၊
မနိုင်ဝန်ကို ထမ်းခြင်း လည်းကောင်း၊
မထိုက်ဘဲလျက် ခံစားလိုခြင်း လည်းကောင်း၊
ရသင့်သည်ထက် ပို၍ ယူခြင်း လည်းကောင်း၊
လောက မျက်မြင်
ရွံရှာ စက်ဆုပ်ချင်ဖွယ်များ ပင်တည်း။
Labels:
ဒဿန
Monday, May 30, 2011
ဘဝ ခံစားချက်
ပျိုရွယ်စဉ် အခါသည်
နံနက်ခင်းနှင့် တူလှပေ၏ ။
ပွင့်သော ပန်းကဲ့သို့
လှပခြင်း အဆင်းရှိ၏ ။
ရွှင်လန်းသော စိတ်ကို ဖြစ်စေ၏။
ဆီးနှင်းဖြင့် ရွှန်းစိုသော
မြက်ပင်နှင့်လည်း ပမာတူ၏ ။
စိမ်းလန်းခြင်းဖြင့် စိုပြည်နေ၏ ။
ဘဝသည် မျှောလင့်ချက် နေခြည်အောက်ဝယ်
တလက်လက် တောက်ပလျက် ရှိ၏ ။
ဆော့မြူးသော မြောက်ပြန်လေရူးကဲ့သို့
လျင်မြန်သော ရင်ခုန်သံတို့သည်
တဖျပ်ဖျပ် လှုပ်ရှား၍ နေလေ၏ ။
ဖြည်းဖြည်း ရင်ကျက်သော
တက်နေ၏ နည်းတူ
ရဲရင့်ခြင်း သတ္တိသည်
တိုးပွား ဖြစ်ပေါ်ဆဲ ဖြစ်၏ ။
အခိုင်း မခံရသေးသော
နွားပေါက်သည်
သစ်သောအားဖြင့်
တောင့်တင်း ခိုင်မာသကဲ့သို့
ဗလသိဒ္ဓိ၏ အစွမ်းဖြင့် ထွန်းလင်းသော
အဆင်းသည် တင့်တယ်၏ ။
ဘဝကို မကြောက်တတ်သေး
ဘေးကို မမြင်တတ်သေး
အတွေးကို အမှီ မပြုသေး
ရီဝေ မူးနောက်သော အသောက်သမားသည်
ခုန်ပေါက် မြူးထူးခြင်းဖြင့် ခရီးတစ်ထောက်သို့
အရောက် သွားလေသကဲ့သို့
ဘဝ အိမ်ပေါက်ဝသို့ ဆိုက်ရောက်သွားတော့
အိပ်မက် ခရီးသည်ပါ တကား ။
ချစ်စဉ် အခါသည်....
မူးယစ် ဆေးစွဲခြင်းနှင့် ပမာ တူလှ၏ ။
တပ်မက်ခြင်းလျှင် ဆောက်တည်ရာ ရှိ၏ ။
သွေးသား၏ အငမ်းမရ
တောင့်တခြင်း 'ရမ္မက်' သည်
နှလုံး သည်းပွတ်ကို
အစဉ် နှိပ်စက် လေ၏ ။
ပူဆာ လောင်မြိုက်ခြင်းနှင့်
မိန့်မူး ကြည်နူးခြင်းသည်
ဝေဒနာ အစွန်းတရား နှစ်ပါးတည်း ။
တားဆီး အပ်သော 'အရှက'်ကို
အချစ်က မျက်ကွယ် ပြုနိုင်သည် ။
စောင့်ရှောက်အပ်သော 'အသက်' ကို
အချစ်က စွန့်လွှတ် နိုင်လေသည် ။
အမျိုးအနွယ် အမိအဘ မောင်နှမတို့၌
ငဲ့ကွက်ခြင်း သံယောဇဉ်ကြိုးတို့ သည်လည်း
အပိုင်း ပိုင်း ပြတ်လေ၏ ။
ချိုသော အချစ် သစ်ပင်
ပေါက်သော အရပ်၌
ခါးသော အမုန်း သစ်ပင်တို့
ရှင်သန်ခြင်း မပြုနိုင်သော်လည်း
အချစ်ပင်များ နွမ်းခြောက်သော အခါ
အမုန်းပင်များ
ရုတ်တရက် ပေါက်ရောက်လာ၏ ။
ခါးလှစွာသော
အဆိပ်သီးများကို သီးကြကုန်၏ ။
မိုက်ရူးရဲခြင်း ဂုဏ်သည်
အချစ်၏ သတ္တိပင်တည်း။
သံသယ အစွန်း တပ်သော
သဝန်ကြောင်ခြင်းသည်
အချစ်၏ မျက်လုံးပင်တည်း။
ချစ်သော အခါ၌....
မိမိ၏ အဖြစ်မှန်ကို လူသိမခံဝံ့ပြီ။
လျှို့ဝှက်ခြင်းဖြင့် ဟန်လုပ်၍သာ
တတ်တခိုး နေရပြီ။
ပင့်သက်ဖြင့် လှိုက်ဖိုသော ရင်လည်း
မအေးရပြီ။
သို့သော်....
အကယ်တန္တု
သင်တုန်းဓားသွားပေါ်မှ ပျားရည်စက်ကို
လျှာဖြင့် လျက်ရခြင်းအား
ချိုသည်ဟု ဆိုနိုင်လျှင်....
အချစ်ကို ပွေ့ဖက်၍ နေရခြင်းသည်လည်း
နာကျင်စွာ ခံစားရ စေကာ
ချိုမြိန်သော အရသာ ရှိသည်ဟု
ဝန်ခံလျက် သစ္စဝါစာကို ဆိုနိုင်ပါသည်။
လက်ထပ်စဉ် အခါသည်
တပ်မက်ခြင်း 'ရာဂ' လျှင် ဦးစီး ဦးဆောင် ပြုလေ၏။
သူတစ်ပါး၏ လျှို့ဝှက် သိမ်းဆည်းအပ်သော
အဖိုးတန် ပစ္စည်း ရတနာကို
ပတ်ဝန်းကျင် မသိအောင်
တတ်တခိုး ယူသော
သူခိုးနှင့်လည်း အလွန် တူ၏ ။
ညဥ့်အခါ၌....
သူခိုးသည်
သူတစ်ပါး၏ လျှို့ဝှက်အပ်သော ရတနာကို
ခိုးယူ ရရှိသဖြင့် ပျော်ရွှင် ဝမ်းမြောက်သကဲ့သို့
အိမ်ထောင်ဦး ညဥ့်သည်
ထို့အတူ ပျော်ရွှင် ဝမ်းမြောက်ရသော ကာလတည်း။
ခိုးယူပြီးသော အထုပ်အထည်ဖြင့်
လာသော သူခိုးအား
မထင်မှတ်သော နေရာမှ
ထွက်လာသော ခွေးသည်
ရုတ်တရက် ကိုက်ခဲလေသော အခါ
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ
မတတ်သာ သကဲ့သို့
အိမ်ထောင်ရှင်သည်
ဘဝ ဝန်ထုပ်ကို ထမ်း၍ လျှောက်လှမ်း လာစဉ်
အမှတ်မထင် ဖြစ်ပေါ်၍ လာတတ်သော
' ကြမ္မာ ခွေးဆိုး ' က
ရုတ်တရက် ကိုက်ခဲလေလျှင်
မိမိ အဖြစ်ကို
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ မတတ်သာဘဲ
ကြိတ်မှိတ်၍သာ ခံစား ရလေတော့၏ ။
သူခိုး၏ ဘဝ အဆုံးသည်
အကျဉ်းထောင်၌ တည်သကဲ့သို့
အိမ်ထောင်ပြုခြင်း၏ ဘဝအဆုံးသည်
သံယောဇဉ် အကျဉ်းထောင်၌သာ
ဘဝ သက်ဆုံးတိုင် တည်ရလေတော့သတည်း။
နံနက်ခင်းနှင့် တူလှပေ၏ ။
ပွင့်သော ပန်းကဲ့သို့
လှပခြင်း အဆင်းရှိ၏ ။
ရွှင်လန်းသော စိတ်ကို ဖြစ်စေ၏။
ဆီးနှင်းဖြင့် ရွှန်းစိုသော
မြက်ပင်နှင့်လည်း ပမာတူ၏ ။
စိမ်းလန်းခြင်းဖြင့် စိုပြည်နေ၏ ။
ဘဝသည် မျှောလင့်ချက် နေခြည်အောက်ဝယ်
တလက်လက် တောက်ပလျက် ရှိ၏ ။
ဆော့မြူးသော မြောက်ပြန်လေရူးကဲ့သို့
လျင်မြန်သော ရင်ခုန်သံတို့သည်
တဖျပ်ဖျပ် လှုပ်ရှား၍ နေလေ၏ ။
ဖြည်းဖြည်း ရင်ကျက်သော
တက်နေ၏ နည်းတူ
ရဲရင့်ခြင်း သတ္တိသည်
တိုးပွား ဖြစ်ပေါ်ဆဲ ဖြစ်၏ ။
အခိုင်း မခံရသေးသော
နွားပေါက်သည်
သစ်သောအားဖြင့်
တောင့်တင်း ခိုင်မာသကဲ့သို့
ဗလသိဒ္ဓိ၏ အစွမ်းဖြင့် ထွန်းလင်းသော
အဆင်းသည် တင့်တယ်၏ ။
ဘဝကို မကြောက်တတ်သေး
ဘေးကို မမြင်တတ်သေး
အတွေးကို အမှီ မပြုသေး
ရီဝေ မူးနောက်သော အသောက်သမားသည်
ခုန်ပေါက် မြူးထူးခြင်းဖြင့် ခရီးတစ်ထောက်သို့
အရောက် သွားလေသကဲ့သို့
ဘဝ အိမ်ပေါက်ဝသို့ ဆိုက်ရောက်သွားတော့
အိပ်မက် ခရီးသည်ပါ တကား ။
ချစ်စဉ် အခါသည်....
မူးယစ် ဆေးစွဲခြင်းနှင့် ပမာ တူလှ၏ ။
တပ်မက်ခြင်းလျှင် ဆောက်တည်ရာ ရှိ၏ ။
သွေးသား၏ အငမ်းမရ
တောင့်တခြင်း 'ရမ္မက်' သည်
နှလုံး သည်းပွတ်ကို
အစဉ် နှိပ်စက် လေ၏ ။
ပူဆာ လောင်မြိုက်ခြင်းနှင့်
မိန့်မူး ကြည်နူးခြင်းသည်
ဝေဒနာ အစွန်းတရား နှစ်ပါးတည်း ။
တားဆီး အပ်သော 'အရှက'်ကို
အချစ်က မျက်ကွယ် ပြုနိုင်သည် ။
စောင့်ရှောက်အပ်သော 'အသက်' ကို
အချစ်က စွန့်လွှတ် နိုင်လေသည် ။
အမျိုးအနွယ် အမိအဘ မောင်နှမတို့၌
ငဲ့ကွက်ခြင်း သံယောဇဉ်ကြိုးတို့ သည်လည်း
အပိုင်း ပိုင်း ပြတ်လေ၏ ။
ချိုသော အချစ် သစ်ပင်
ပေါက်သော အရပ်၌
ခါးသော အမုန်း သစ်ပင်တို့
ရှင်သန်ခြင်း မပြုနိုင်သော်လည်း
အချစ်ပင်များ နွမ်းခြောက်သော အခါ
အမုန်းပင်များ
ရုတ်တရက် ပေါက်ရောက်လာ၏ ။
ခါးလှစွာသော
အဆိပ်သီးများကို သီးကြကုန်၏ ။
မိုက်ရူးရဲခြင်း ဂုဏ်သည်
အချစ်၏ သတ္တိပင်တည်း။
သံသယ အစွန်း တပ်သော
သဝန်ကြောင်ခြင်းသည်
အချစ်၏ မျက်လုံးပင်တည်း။
ချစ်သော အခါ၌....
မိမိ၏ အဖြစ်မှန်ကို လူသိမခံဝံ့ပြီ။
လျှို့ဝှက်ခြင်းဖြင့် ဟန်လုပ်၍သာ
တတ်တခိုး နေရပြီ။
ပင့်သက်ဖြင့် လှိုက်ဖိုသော ရင်လည်း
မအေးရပြီ။
သို့သော်....
အကယ်တန္တု
သင်တုန်းဓားသွားပေါ်မှ ပျားရည်စက်ကို
လျှာဖြင့် လျက်ရခြင်းအား
ချိုသည်ဟု ဆိုနိုင်လျှင်....
အချစ်ကို ပွေ့ဖက်၍ နေရခြင်းသည်လည်း
နာကျင်စွာ ခံစားရ စေကာ
ချိုမြိန်သော အရသာ ရှိသည်ဟု
ဝန်ခံလျက် သစ္စဝါစာကို ဆိုနိုင်ပါသည်။
လက်ထပ်စဉ် အခါသည်
တပ်မက်ခြင်း 'ရာဂ' လျှင် ဦးစီး ဦးဆောင် ပြုလေ၏။
သူတစ်ပါး၏ လျှို့ဝှက် သိမ်းဆည်းအပ်သော
အဖိုးတန် ပစ္စည်း ရတနာကို
ပတ်ဝန်းကျင် မသိအောင်
တတ်တခိုး ယူသော
သူခိုးနှင့်လည်း အလွန် တူ၏ ။
ညဥ့်အခါ၌....
သူခိုးသည်
သူတစ်ပါး၏ လျှို့ဝှက်အပ်သော ရတနာကို
ခိုးယူ ရရှိသဖြင့် ပျော်ရွှင် ဝမ်းမြောက်သကဲ့သို့
အိမ်ထောင်ဦး ညဥ့်သည်
ထို့အတူ ပျော်ရွှင် ဝမ်းမြောက်ရသော ကာလတည်း။
ခိုးယူပြီးသော အထုပ်အထည်ဖြင့်
လာသော သူခိုးအား
မထင်မှတ်သော နေရာမှ
ထွက်လာသော ခွေးသည်
ရုတ်တရက် ကိုက်ခဲလေသော အခါ
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ
မတတ်သာ သကဲ့သို့
အိမ်ထောင်ရှင်သည်
ဘဝ ဝန်ထုပ်ကို ထမ်း၍ လျှောက်လှမ်း လာစဉ်
အမှတ်မထင် ဖြစ်ပေါ်၍ လာတတ်သော
' ကြမ္မာ ခွေးဆိုး ' က
ရုတ်တရက် ကိုက်ခဲလေလျှင်
မိမိ အဖြစ်ကို
ပတ်ဝန်းကျင် ကြားသိအောင်
အော်ဟစ်၍ အကူအညီ တောင်းခြင်းငှာ မတတ်သာဘဲ
ကြိတ်မှိတ်၍သာ ခံစား ရလေတော့၏ ။
သူခိုး၏ ဘဝ အဆုံးသည်
အကျဉ်းထောင်၌ တည်သကဲ့သို့
အိမ်ထောင်ပြုခြင်း၏ ဘဝအဆုံးသည်
သံယောဇဉ် အကျဉ်းထောင်၌သာ
ဘဝ သက်ဆုံးတိုင် တည်ရလေတော့သတည်း။
Labels:
သတိ အသိ
အသက်ရှင်ခြင်း
သားသတ်ရုံသို့
ရှေးရှု၍ သွားသော နွား
ကြိုးစင်ပေါ်သို့
ရှေးရှု၍ သွားသော ရာဇဝတ်သား
ထိုသတ္တဝါ များသည်
ဖွင့်ထားသော သင်္ချိုင်း တံခါးကို
မြင်လျက် သွားရသဖြင့် ငိုကြကုန်၏။
စည်းစိမ် ကာမဂုဏ်
အာရုံ လှည့်ဖြားမှုကို
ခံစား၍ နေသော
အကြင် ပုထုဇဉ်ကား
အသက် ရှင်၍ နေစဉ်
ဖွင့်ထားသော သင်္ချိုင်းဝကို မမြင်
သေမည့်ရက်ကို မတွက်ဆ သောကြောင့်
ရယ်မော နေကြကုန်၏။
နေရခြင်းကား မသေချာ
သေရခြင်းသာ သေချာ သော်လည်း
မိုက်မဲသော ပုထုဇဉ်
သတ္တဝါတို့သည်
သေရေးကို မေ့၍ နေနိုင်၏။
သေရေးကို မစဉ်းစား
နေရေး အတွက်သာလျှင်
အစဉ် စဉ်းစား အားထုတ်ကြ၏။
သမုဒ္ဒရာကို
လက်ပစ်ကူးသည့် သင်္ဘောသားပမာ
နေရေးအတွက် ပုထုဇဉ်သည်
အမြဲ ကူးခတ် ရုန်းကန်နေရ၏။
ခြေကုန် လက်ပန်း ကျသည့်တိုင်
မကူးပဲ ရပ်နား၍လည်း မနေနိုင်။
အန္တရာယ် များစွာ
ဝန်းရံလျက်သာ
ခြောက်လှန့် နေသဖြင့်
ထိတ်လန့်သော စိတ်က
အချိန်ရှိသမျှ နှိပ်စက်သည်။
ကြောင့်ကြနှင့် အားငယ်ခြင်းသာ
အဖော်ရှိရကား
အချိန်ကြာလေ
အားအင် ကုန်လေ
လက်ပန်းကျလေ။
ရေမှာ ကျင်လည်သော သူ
ရေနစ်၍ သေခါနီးမှ
ကူး၍ နေခဲ့သော ကာလများသည်
အဟောသိကံ ပါတကားဟု
ဘဝကို စမ်း တဝါးဝါး
မြင်လိုက်ရလေ၏။
ရှေးရှု၍ သွားသော နွား
ကြိုးစင်ပေါ်သို့
ရှေးရှု၍ သွားသော ရာဇဝတ်သား
ထိုသတ္တဝါ များသည်
ဖွင့်ထားသော သင်္ချိုင်း တံခါးကို
မြင်လျက် သွားရသဖြင့် ငိုကြကုန်၏။
စည်းစိမ် ကာမဂုဏ်
အာရုံ လှည့်ဖြားမှုကို
ခံစား၍ နေသော
အကြင် ပုထုဇဉ်ကား
အသက် ရှင်၍ နေစဉ်
ဖွင့်ထားသော သင်္ချိုင်းဝကို မမြင်
သေမည့်ရက်ကို မတွက်ဆ သောကြောင့်
ရယ်မော နေကြကုန်၏။
နေရခြင်းကား မသေချာ
သေရခြင်းသာ သေချာ သော်လည်း
မိုက်မဲသော ပုထုဇဉ်
သတ္တဝါတို့သည်
သေရေးကို မေ့၍ နေနိုင်၏။
သေရေးကို မစဉ်းစား
နေရေး အတွက်သာလျှင်
အစဉ် စဉ်းစား အားထုတ်ကြ၏။
သမုဒ္ဒရာကို
လက်ပစ်ကူးသည့် သင်္ဘောသားပမာ
နေရေးအတွက် ပုထုဇဉ်သည်
အမြဲ ကူးခတ် ရုန်းကန်နေရ၏။
ခြေကုန် လက်ပန်း ကျသည့်တိုင်
မကူးပဲ ရပ်နား၍လည်း မနေနိုင်။
အန္တရာယ် များစွာ
ဝန်းရံလျက်သာ
ခြောက်လှန့် နေသဖြင့်
ထိတ်လန့်သော စိတ်က
အချိန်ရှိသမျှ နှိပ်စက်သည်။
ကြောင့်ကြနှင့် အားငယ်ခြင်းသာ
အဖော်ရှိရကား
အချိန်ကြာလေ
အားအင် ကုန်လေ
လက်ပန်းကျလေ။
ရေမှာ ကျင်လည်သော သူ
ရေနစ်၍ သေခါနီးမှ
ကူး၍ နေခဲ့သော ကာလများသည်
အဟောသိကံ ပါတကားဟု
ဘဝကို စမ်း တဝါးဝါး
မြင်လိုက်ရလေ၏။
Labels:
သတိ အသိ
Subscribe to:
Posts (Atom)